"အာသောကမင်းကြီးကို မင်းသိလား?"
"သိတယ်လေ"
"သူ့ကြောင့် ဗုဒ္ဓ သာသနာ ကြီးမားတဲ့အတိုင်းအတာနဲ့ စည်ပင်ပြန့်ပွားခဲ့တာကို မင်းလက်ခံသလား?"
"လက်ခံတယ်"
"အသောကမင်းကြီးဟာ အခြားဘာသာတရားများကိုလည်း အလေးထားဖို့ အထူးတိုက်တွန်းပြီး ကျောက်စာတောင်မှ ရေးထိုးမှတ်တမ်းတင်ခဲ့ဖူးတာမင်းသိလား?"
"အဲ"
"အာသောကမင်းကြီး ဗုဒ္ဓဘာသာဝင် ဘယ်လိုဖြစ်လာသလဲဆိုတာရော မင်းသိလား?"
"ကိုရင်လေးကြောင့်မဟုတ်လား?"
"ဟုတ်တယ် နိဂြောဓ သာမဏေ ဆွမ်းခံကြွတာကို မြင်ပြီး ဆွမ်းလုပ်ကျွေးဖို့ပင့်ရင်းက ဘုရားအဆုံးအမကို လေ့လာမိသွားတာ"
"ဟုတ်လား?"
"နိဂြောဓ သာမဏေက ဘယ်လို ဆွမ်းခံကြွတယ်လို့မင်းထင်လဲ?"
"မပြောတတ်ဘူး"
"ဝိနည်းတော်အတိုင်း မျက်လွှာချလို့ တည်တည်ငြိမ်ငြိမ် သပိတ်လေးပိုက်ပြီး ဆွမ်းခံကြွတာ။ အဲ့ဒီလို ဆွမ်းခံကြွနေတဲ့ ကြည်ညိုဖွယ်ရာ ကိုရင်လေးတစ်ပါးကိုမြင်လိုက်ရတဲ့အချိန်မှာ အာသောကမင်းကြီးဟာ ငြိမ်းအေးမှုကို ခံစားလိုက်ရတယ်။ တစ်ဆက်တည်း သူတွေးမိတာက ဒီလို ကလေးငယ် ကိုရင်လေးတောင်မှ ဒီလောက်တည်ငြိမ်နေရင် သူ့ကို ကိုရင်ဝတ်ပေးတဲ့ သူ့အထက်က လူကြီးက ပိုပြီး တည်ငြိမ်ရင့်ကျက်မှာပဲလို့ သူတွေးမိသွားတာဖြစ်လောက်တယ်"
"အင်းနော်"
"အဲ့ဒီကိုရင်လေးသာ အမျိုးစောင့်မယ်ဘာညာလျှောက်အော်ပြီး ဖာသည်မတွေဘာတွေ လျှောက်ဆဲနေရင် အာသောကမင်းကြီးက ကြည်ညိုပါ့မလား?"
"အဲ"
"အဲ့ဒီ ကိုရင်လေးသာ ဥပဒေတွေ လျှောက်ပြဌာန်းပြီး အသောကမင်းကြီးကို ခွေးတရားတွေ ငှက်ပျောသီးတရားတွေ သွားဟောနေရင် အသောကမင်းကြီး ဗုဒ္ဓဘာသာဝင်တောင် ဖြစ်လာမယ်လို့ မင်းထင်သလား?"
"အဲ"
"အသောကမင်းကြီးကြောင့် ရေတွင်း ၊ ရေကန်၊ သိမ်၊ ကျောင်း၊ ဇရပ်တွေ ပွားများခဲ့တာအားလုံးသိတယ်။ အသောကမင်းကြီးလောက် သာသနာပြုနိုင်တဲ့မင်း သမိုင်းမှာမင်းတွေ့ဖူးသလား?"
"ဟုတ်တယ်နော် .. မတွေ့ဖူးဘူး"
"ဒီတော့ ဝိနည်းတော်ကို ထိန်းသိမ်းရင်း ဆွမ်းခံကြွတဲ့ ကြည်ညိုဖွယ်ကိုရင်ငယ်လေးတစ်ပါးဟာ ဧကရာဇ်ဘုရင်တစ်ပါးကို ကြီးမားတဲ့အတိုင်းအတာနဲ့ သာသနာပြုတဲ့ တတိယ သင်္ဂါယနာတင်သူ သာသနာပြုမင်းကြီး ဖြစ်စေခဲ့တယ်ဆိုရင် မင်းဘာပြောမလဲ?"
"အဲ"
"ဝိနည်းတော်ကို ထိန်းသိမ်းတဲ့ ကိုရင်ငယ်လေးတစ်ပါးတောင်မှ အာရှတခွင်ပြဲပြဲစင်အောင် မင်းတစ်ပါးကို သာသနာပြုစေနိုင်တယ်ဆိုတော့ ငါတို့မြန်မာပြည်မှာ ဒီလောက်များတဲ့ ရဟန်းတွေသာ ဝိနည်းတော်ကို ထိန်းသိမ်းနိုင်ခဲ့ရင် ဘယ်လိုဖြစ်သွားမလဲ?"
"ဟာ ... ဘာပြောကောင်းမလဲ ဦးလေးရယ် သာသနာတော်ကြီး ကြီးပွားစည်ပင်ပြီး နေလိုလလို ထွန်းတောက်လာမှာပေါ့ဗျာ"
"သာသနာတော်အဓွန့်ရှည်ဖို့အတွက် ရဟန်းတွေအားလုံး ဝိနည်းအတိုင်းနေထိုင်ကျင့်ကြံလိုက်ရုံနဲ့ အဆင်ပြေသွားမယ့် ကိစ္စကို ဘာကြောင့် မ.ဘ.သ အဖွဲ့ကြီးဖွဲ့ပြီး လိုက်စောင့်ရှောက်နေရတာလဲ?"
"အဲ"
"မ.ဘ.သ ဆိုတာ တို့မြန်မာနိုင်ငံမှာ ရှိသင့်တဲ့အဖွဲ့လား?"
မရှိသင့်တဲ့အဖွဲ့လား?????
cd Z.G
#roseskoko